ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး၏ (၁၉)ကြိမ်၊ အကြိမ်(၂၀) နှင့် (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၅ခုနှစ်၊ မတ်လ (၁၅) ရက် စနေနေ့တွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ (၁၉)ကြိမ်မြောက်၌ ဆေးဘက်ဆိုင်ရာနည်းပညာ မဟာသိပ္ပံဘွဲ့ (၃)ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (၁၀)ဦး၊ အကြိမ်(၂၀)မြောက်၌ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (၃၃)ဦး နှင့် (၂၁)ကြိမ်မြောက်၌ ဆေးဘက်ဆိုင်ရာနည်းပညာ မဟာသိပ္ပံဘွဲ့ (၃)ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့ (၈၈)ဦးတို့အား သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါသည်။




