ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး၏ နှစ်ပတ်လည်နေ့ဖြစ်သော (၂၂. ၅. ၂၀၂၅) ရက်နေ့တွင် (၂၅)နှစ်ပြည့်ငွေရတုမင်္ဂလာအခမ်းအနား (Silver Jubilee Celebration)ကို နံနက် (၅)နာရီ မိနစ် (၃၀) အချိန်မှစတင်၍ ငွေရတုမင်္ဂလာဆွမ်းကျွေးတရားနာကုသိုလ်ပြုခြင်းဖြင့် စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ ဆက်လက်ပြီး နံနက် (၁၀:၀၀) နာရီအချိန်တွင် လူမှုရေးရာဝန်ကြီးမှ ငွေရတုအထိမ်းအမှတ်မွေးနေ့ကိတ် ခွဲပေးပြီးနောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်တကွ ဆရာ/ဆရာမများမှ တက္ကသိုလ်ငွေရတုမင်္ဂလာအထိမ်းအမှတ် (ငွေရတုခရီးဆက် ဆေးဘက်သမားတော်)သီချင်း ဖြင့် သီဆိုဂုဏ်ပြုခဲ့ကြပါသည်။ ထို့နောက် လူမှုရေးရာဝန်ကြီးနှင့် ကြွရောက်လာကြသော ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်များမှဧည့်သည်တော်များသည် Fun Fair ဈေးရောင်းပွဲတော်သို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။ နေ့လည်ပိုင်းအစီအစဉ်အနေဖြင့် နေ့လည် (၁:၀၀)နာရီအချိန်တွင် စကားရည်လုပြိုင်ပွဲ၌ ဖိတ်ကြားထားသော စာရေးဆရာကြီးများမှ ပြိုင်ပွဲဝင် ကျောင်းသား/သူများအတွက် အမှတ်ပေးအကဲဖြတ်စစ်ဆေးခဲ့ကြပြီး ကျောင်းသမိုင်းကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ မှတ်တမ်းဗီဒီယိုများ၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကာတွန်းပြိုင်ပွဲများနှင့် စကားရည်လုပြိုင်ပွဲများအတွက် ထိုက်ထိုက်တန်တန်ဆုများ ချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။























